သာရဘွင်ကျောက်တောင်ဘုရား

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြိတ်−တနင်္သာရီ ကားလမ်းပေါ်ရှိ ဆင်ဒင်ကျေးရွာမှ ၁၄ မိုင်အကွာ၊ တကူရွာမှ ၁ မိုင်အကွာ၊ သာရဘွင်ကျေးရွာအနီး သာရဘွင်ကျောက်တောင်ပေါ်တွင် တည်ရှိသည်။ သာရဘွင်ကျောက်တောင်သည် မီတာ ၁၀၀ ခန့်မြင့်သော သဘာဝထုံးကျောက်တောင် အမျိုးအစားဖြစ်သည်။ တောင်ပေါ်တွင် ရှေးဟောင်းစေတီများ၊ ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြော်နိုင်ပြီး ကျောက်လိုဏ်ဂူအတွင်းတွင်လည်း ရှေးဟောင်းဘုရားဆင်းတုတော်များကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။