ဥက္ကလာဦးစေတီတော်

Listing Description

သင်္ဃန်းကျွန်းမြို့နယ်၊ ဥက္ကလာဦးစေတီလမ်း၊ သိကာဓမ္မမေဒနီသိမ်တော်အနီးတွင် တည်ရှိသည်။ ခရစ်နှစ် ၁၉၅၂ ခုနှစ်တွင် ဟင်္သာတဆန်စက်ပိုင်ရှင် ဦးဘဦးက တည်ထားကိုးကွယ်ခဲ့သည်။ လေးမျက်နှာရှိပြီး နှစ်ကျိပ်ရှစ်ဆူကျောင်း ဆင်းတုတော်များမှာ အမြင့်တစ်ပေခန့်ရှိပြီး တင်ပျဉ်ခွေပုံဖြစ်သည်။ စေတီတော်အနီးတွင် သာသနာ့အလင်းရောင် ဆုတောင်းပြည့်မြတ်စွာဘုရား တည်ရှိပြီး အဘဘိုးမင်းခေါင် တည်ထားခဲ့သည်ဟူသော ယူဆချက်များလည်းရှိသည်။ သာသနာ့အလင်းရောင်မြတ်စွာဘုရားကို မြေပိုင်ရှင် ဥက္ကာဦးမယ်တော်ကြီး ဒေါ်လှမေ နှင့် သမီးဒေါ်သိန်းလှ သားသမီးမြေးတစ်စုတို့မှ ဝ.၃၉ ဧက ကျယ်ဝန်းသည့်မြေကို လှူဒါန်းကာ စေတနာရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့သည်။