မိုးကောင်းဆုတောင်းပြည့်စေတီတော်

Listing Description

မိုးကောင်းဆုတောင်းပြည့်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက် (ကံပဲ့ရွာ) တွင် တည်ရှိသည်။ သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားရာတွင် မိုးကောင်းစေတီသည် တစ်ဆူအပါအဝင်ဖြစ်ပြီး စေတီတော်ကို သီရိမင်္ဂလာစေတီတော်ဟု ဘွဲ့အမည် သမုတ်ခဲ့သည်။ အင်းဝခေတ် ပထမ မင်းခေါင်မင်းလက်ထက်၊ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်နောင်သည် ယခုလက်ရှိ ဉာဏ်တော်အတိုင်း မွမ်းမံတည်ထားပြီးနောက် မိုးကောင်းဆုတောင်းပြည့် စေတီတော်ဟု ဘွဲ့အမည် ဆက်ကပ်ခဲ့သည်။ စေတီတော်၏ ဉာဏ်တော်မှာ ၉၉-ပေရှိပြီး စိန်ဖူးတော်မှ အောက်နှုတ်ခမ်း အထိ ၁၂'၉" ၊ ထီးတော်အောက် နှုတ်ခမ်းမှ ငှက်ပျောဖူးအထိ ၂၅'၊ ကြာမှောက်ကြာလံ ၈'၃"၊ ဖောင်းရစ် ၁၀'၆"၊ ခေါင်းလောင်းတော် ၁၃'၆" ရှိသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ယိမ်းယိုင်ချို့ယွင်းခဲ့ရသော ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ ယခင်ထက် ပိုမိုကောင်းမွန်တင့်တယ်အောင် စီမံ၍ ၂၀၀၉ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကပ်လှူပူဇော်ခဲ့ပါသည်။ ဆုတောင်းပြည့်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ပါသည်။