မြန်မာပလာဇာ

Listing Description

မြန်မာပလာဇာသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်တွင် တည်ရှိသည့် ကြီးမားသည့် ဈေးဝယ်ထွက်နိုင်သည့်နေရာ (ရှော့ပင်းမော) တစ်ခုဖြစ်ပါသည်။ မြန်မာပလာဇာကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ Hoang Anh Gia Lai (HAGL)ကုမ္ပဏီက ပိုင်ဆိုင်ပါသည်။ မြန်မာပလာဇာသည် မြန်မာစင်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ မြန်မာစင်တာသည် ဒေါ်လာ သန်း ၄၄၀ ကုန်ကျကာ တည်ဆောက်ထားသည့် ရုံးခန်းများ၊ ဟိုတယ်များ စသည်တို့ ပါဝင်သည့် အဆောက်အဦး ဖြစ်ပါသည်။ ပလာဇာတွင် လက်လီရောင်းရာ နေရာများပါဝင်ပါသည်။ ထိုနေရာများတွင် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်စတိုးများ၊ နေ့စဉ်သုံးပစ္စည်းများ၊ အလှနှင့် ဖက်ရှင်ပစ္စည်းများ ပါဝင်ပါသည်။ ၄,၀၀၀ စတုရန်း မီတာ (၄၃,၀၅၆ စတုရန်းပေ) ကျယ်ဝန်းသည့် ကဖေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ခန်းများလည်း ရှိသည်။ ၂,၀၀၀ စတုရန်း မီတာ (၂၁,၅၂၈ စတုရန်းပေ) ရှိသည့် နေရာကို ပြင်ပတွင် ကုန်ခြောက်ဈေးနေရာအဖြစ်လည်း ဖွင့်လှစ်ထားပါသည်။