ကာလာရာမ ဘုရားကျောင်း (Kamayarna Temple)

Listing Description

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဓမ္မာရုံလမ်း၊ အမှတ် ၆၆ တွင် တည်ရှိသော ကာလာရာမ (ဝေဒကျမ်းလာ မရဏအရှင်) ဟိန္ဒူဘုရားကျောင်းဝင်းသည် အလျား ၆၇.၁ မီတာ၊ အနံ ၃၃.၅၃ မီတာ ကျယ်ဝန်းပြီး၊ ရန်ကုန်မြို့ရှိ တောင်ပိုင်းအိန္ဒိယသားတို့၏ အကြီးဆုံးဘုရားကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဘုရားကျောင်း၏အဓိက အလှူဒကာမှာ M. Venkataswami Naicker ဖြစ်ပြီး ၁၉၀၄ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကုန်ကျစရိတ်မှာ ထိုခေတ်ကာလငွေ တစ်သိန်းကျပ်ခန့်ဖြစ်သည်။ ဇီးကွက်ဘုရားဟုလည်း ခေါ်လေ့ရှိကြသော ကာလာရာမဘုရားကျောင်းအား ၁၉၂၁၊ ၁၉၅၇၊ ၁၉၆၄ ခုနှစ်များတွင် ပြန်လည်မွမ်းမံခဲ့ရပြီး၊ အကြီးစားပြင်ဆင်မှုကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ရာ ကျပ်ငွေသန်းပေါင်း ၄၀၀ ခန့် ကုန်ကျခဲ့သည်။ ဘုရားကျောင်း၏ မျက်နှာစာနှင့် အတွင်းပိုင်း တည်ဆောက်ဆင်ယင်ချက်များ၌ ဟိန္ဒူတို့၏ ဓလေ့ သုခုမလက်ရာများဖြင့် အနုစိပ်ခြယ်မှုန်းထားသည်ကို တွေ့မြင်ကြရပေမည်။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုလည်းဖြစ်သည်။