ရန်ကင်းပညာရေးကောလိပ်

Listing Description

ရန်ကင်းပညာရေးကောလိပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ၁၁-ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ်(၄)တွင် တည်ရှိပါသည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် ဆရာဖြစ်သင်တန်းကျောင်း (State Training College for teachers- STCT) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဧပြီလတွင် နိုင်ငံတော်ဆရာဖြစ်သင်တန်းကျောင်း (State Teacher Training School- STTS) အဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဆရာအတတ်သင်သိပ္ပံ (Teacher Training College – TTC ) အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကင်းပညာရေးကောလိပ်အဖြစ်လည်းကောင်း တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။