ဦးသုတ

Listing Description

မိုးကုတ်မြို့မှ ပထမဆုံးသော အမျိုးသားစာပေဆုရှင်မှာ ဦးသုတ(မြို့မရပ်ကွက်)မှဖြစ်သည်။ ၁၉၂၇ ခုနှစ်တွ င်မိုးကုတ်မြို့တွင် မွေးဖွားပြီး ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည်။ ၁၉၅၁ ခုနှစ်တွင် ဘွဲ့ရပြီး ထိုနှစ်မှာပင် ပညာတော်သင်ဖြင့် အမေရိကန်-ကာလီဖိုးနီးယားတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့ရသည်ထိ ပညာသင်ခဲသည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာပြည်ပြန်ရောက်ပြီး မိုးလေဝသအရာရှိမှသည် ညွှန်ကြားရေးမှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူစာပေဆုရရှိခဲ့သည့် စာအုပ်မှာ ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ရူပဗေဒသိပ္ပံသမိုင်းစာအုပ်ဖြစ်သည်။

 

Credit to မောင်ထွန်းဦး-မိုးကုတ်