ပင့်ကူတောင်

Listing Description

ပင့်ကူတောင်သည် မိုးကုတ်မြို့ အနောက်ပိုင်းဒေသ ကျပ်ပြင်ရပ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅၃၄၅ ပေမြင့်မားသည့် တောင်ဖြစ်ပါသည်။ ပင့်ကူတောင်တွင် ကိုလိုနီခေတ် ဂျော့စထရီးတား ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက ကျောက်မျက်များကို အကြီးအကျယ် တူးဖော်ခဲ့သဖြင့် ခဲတွင်း၊ လူးတွင်းများစွာ တွေ့ရပါသည်။ တောင်ထိပ်ရှိ ပင့်ကူတောင်စေတီတော် ရင်ပြင်ပေါ်မှ မြင်ရသော ရှုခင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် သာယာလှပသဖြင့် ပင့်ကူတောင်သို့ တစ်ခေါက်တစ်ခါ သွားရောက်လည်ပတ်သင့်ပါသည်။