နမ့်ခမ်းဆေးရုံကြီး

Listing Description

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ နမ့်ခမ်းဆေးရုံကြီးသည် ကိုလိုနီခေတ်နှင့် ပါလီမန်ခေတ်တွင် အမေရိကန်သာသနာပြု ဆေးရုံအဖြစ် အသုံးပြုခဲ့သည့် ဆေးရုံဖြစ်သည်။ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကို ၁၉၀၂ ခုနှစ်တွင် သိန္တီစော်ဘွားက လယ်ဧက(၃၀) လှူဒါန်းပြီး ဒေါက်တာ ဟာပါးက စတင်တည်ထောင်ခဲ့သည်။ ဒေါက်တာ ဂေါဒွန်စတစ်လာဆီဂရေ့က ၁၉၂၂ ခုနှစ်တွင် လွှဲပြောင်း ရယူခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ဇွန်၂၇ ရက်တွင် ရွှေလီမြစ်မှ ကျောက်တုံးများဖြင့် ဆေးရုံကိုပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သည်။ နိုင်ငံတော်အစိုးရက ၁၉၆၅ ခုနှစ်၌ နမ့်ခမ်းပြည်သူ့ဆေးရုံဟု အမည်ပြောင်းလဲခဲ့ပါသည်။ နမ့်ခမ်း ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသည် မြို့ပေါ်ရပ်ကွက်သာမက ကျေးရွာ အုပ်စု ၄၃ အုပ်စု၊ ကျေးရွာပေါင်း ၁၇၄ ရွာ တို့မှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဆေးရုံဖြစ်ပါသည်။