ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)

Listing Description

ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၏ အရှေ့ဖက် ၅ မိုင်ခန့်အကွာ တောမအုပ်စု၊ ဥယျာဉ်ရွာ မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေး အနီးတွင်တည်ရှိပါသည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)ကို ၂၀ဝ၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)အဆင့်သို့ တိုးမြှင့်ခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)မှ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.) တို့ ချီးမြှင့်ပါသည်။