မြို့ဒေါင့်ရွှေဂူဘုရား

Listing Description

မြို့ဒေါင့်ရွှေဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်း တည်ရှိပါသည်။ မတ္တရာမြို့တွင် ရှမ်းမောင်နှမလေးဦးတည်ထားခဲ့ကြသော သမိုင်းဝင် ရွှေလေးဆူဘုရားများတွင် မြို့ဒေါင့်ရွှေဂူဘုရားသည် အငယ်ဆုံးသားဖြစ်သော စောနေကျော်က တည်ထားခဲ့ပါသည်။ ယခင်က အမတ်တျာမြို့တည်စဉ် မြို့ရိုးအစွန် (ယခု မတ္တရာမြို့၏) မြို့ရိုးထောင့်တွင် ကျရောက်ခဲ့သဖြင့် ထီးတော်တင် မင်္ဂလာတွင် မြို့ဒေါင့်ရွှေဂူဘုရားဟု အမည်တွင်စေခဲ့သည်ဟု သိရပါသည်။ မြို့ဒေါင့်ရွှေဂူဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပါသည်။