မဟာသန္တိသုခရပ်တော်မူဘုရား

Listing Description

မဟာသန္တိသုခရပ်တော်မူဘုရားသည် ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် လွယ်တိန်ခမ်းတောင် ဧက ၆၀ခန့်အကျယ်အဝန်းရှိ လွယ်တိန်ခမ်းသာသနာ့နယ်မြေအတွင်း တည်ရှိပါသည်။ ရပ်တော်မူဘုရားကြီးသည် ဉာဏ်တော် ၈၂ ပေ အမြင့်ရှိပြီး စတင်တည်ထားချိန်မှစ၍ ပျားသုံးကြိမ်တိုင်တိုင် စွဲသောကြောင့် ပျားစွဲဘုရားဟုလည်း လူသိများ ထင်ရှားပါသည်။ ရုပ်ပွားတော်ကြီး၏ အောက်ခြေသည် လိုဏ်ဂူခံထားပြီး ယင်းလိုဏ်ဂူထဲတွင် စကျင်ကျောက်ဖြင့်ထုလုပ်ထားသည့် ရုပ်ပွားတော်တစ်ဆူနှင့် ရပ်တော်မူပုံစံတူ တစ်ဆူရှိပါသည်။ ဘုရားရင်ပြင်တော်မှ သာယာလှပသော ရွှေလီမြစ်ဝှမ်းနှင့် တရုတ်မြန်မာနယ်စပ်တစ်လျှောက်ကို တွေ့မြင်နိုင်ပါသည်။