မန္တလေး- လားရှိုး- မူဆယ် - ဗန်းမော်- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်

Listing Description

ရန်ကုန် အောက်တိုဘာ ၁၄

မန္တလေး- လားရှိုး- မူဆယ် - ဗန်းမော်- မြစ်ကြီးနားလမ်း သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှ ရှမ်းပြည်နယ် မြောက်ပိုင်းကိုဖြတ်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ ၄၇၈/၆ မိုင်ရှိသည်။ မန္တလေးမှ လားရှိုး-မူဆယ်-နမ့်ခမ်း အထိလမ်းအရှည် ၂၉၀/၀ မိုင်ကို Oriental Highway ကုမ္ပဏီက BoT စနစ်ဖြင့် လမ်းအဆင့်တိုးမြှင့်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

မန္တလေးမြို့မှ နောင်ချိုမြို့အထိ လမ်းအရှည် ၇၁/၀ မိုင်နှင့် လားရှိုး- ကွတ်ခိုင် - မူဆယ်လမ်းပိုင်းတို့ကို အဆင့် မြှင့်တင်၍ မူလနှစ်လမ်းသွားမှ လေးလမ်းသွားဆောင်ရွက် ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့ရှောင်လမ်းနှင့် လားရှိုးမြို့ရှောင် လမ်းတို့ကိုလည်း လမ်းသစ်များ ဖောက်လုပ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးသည် အာရှလမ်းမကြီးအမှတ် (၁၄) (ASLANHi ghways 14) နှင့် ပြည်ထောင်စုလမ်းမကြီး ဖြစ်ပြီး နမ့်ခမ်းမြို့နယ်မှ မြစ်ကြီးနားမြို့အထိ လမ်းမိုင် အရှည် ၁၇၄/၃ မိုင်ရှိပြီး မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအဖြစ် အဓိကအရေးပါသော လမ်းမကြီးတစ်ခု လည်းဖြစ်သည်။

ခရမ်းစိုးမြင့်