၁၀၈တောင်မဟာဗောဓိစွယ်တော်ရှင်စေတီ

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်အတွင်း တည်ရှိပါသည်။ ငါးထပ်ကြီးဘုရားကျောင်းတိုက်ဆရာတော် အရှင်အာသဘက တပည့်ရင်းဖြစ်သူ ဆင်ဖြူတောင်ဆရာတော် အရှင်သာသနအား ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိ စေတီတော်ကို သာကေတမြို့နယ်အတွင်း တည်ထားကိုးကွယ်ရန် တိုက်တွန်း၍ ရုပ်ပွားတော်စွယ်တော်မြတ်တစ်ဆူ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆရာတော် အရှင်သာသနသည် ၁၃၂၂ ခုနှစ်၊ တန်ခူးလတွင် ဆင်ဖြူတောင်စခန်းမှထွက်လာပြီး စွယ်တော်မြတ်အား မြန်မာနိုင်ငံအနှံ့အပြား လှည့်လည်ပူဇော်ခံခဲ့သည်။ ဆရာတော် အရှင်သာသန ဦးဆောင်၍ ၁၃၂၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်နေ့တွင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်အား ပန္နက်ချစတင် တည်ထားခဲ့ရာ ၁၃၂၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်နေ့တွင် ထီးတော်တင်လှူပူဇော်ခဲ့ပါသည်။