မန့်ဟီးရိုးမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေး

Listing Description

မန့်ဟီးရိုး   နိုဝင်ဘာ   ၈

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မန့်ဟီးရိုးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ခြောက်ထောင်ကျော်ရှိပြီး  မဲရုံပေါင်း   ကိုးရုံဖွင့်လှစ်ထားရှိကာ  ယနေ့နံနက် ၆ နာရီကစတင်၍ ဒေသခံပြည်သူများ ရပ်ကွက်နှင့်   ကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ထားသော မဲရုံများတွင် အဆင် ပြေချောမွေ့စွာနှင့်    စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူ များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး သည်။

မဲရုံအသီးသီး၌ မဲရုံစတင်ဖွင့်လှစ် ခြင်းမပြုမီ   နံနက်  ၅  နာရီခွဲတွင် မဲပေးရန်   မဲဆန္ဒရှင်ပြည်သူများက ကြိုတင်စောင့်ဆိုင်းနေကြပြီး မဲရုံမှူးနှင့်  ဒုတိယမဲရုံမှူးများက  သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများရှေ့မှောက်တွင် မဲပုံးများ အတွင်း မည်သည့်အရာမျှမရှိကြောင်း ကိုပြသ၍ လုံခြုံရေးကြိုးများ စနစ်တကျ ချိပ်ပိတ်ကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအား  မဲစတင်ပေးနိုင်ပြီဖြစ်ကြောင်း အသိပေး ကြေညာသည်။

မန့်ဟီးရိုးမြို့တွင်  ဆန္ဒမဲပေးရန်   လာရောက်ကြသူများကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ    မဲရုံ အတွင်းနှင့် အပြင် သတ်မှတ်နေရာများ အလိုက် စည်းတားပေးခြင်း၊ နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်လာစေ ခြင်း၊     မဲရုံအတွင်း    မဝင်ရောက်မီ နှာခေါင်းစည်းများကို လဲလှယ်ပေး ခြင်း၊     လက်သန့်စင်ဆေးရည်များ  တစ်ဦးချင်းစီဆေးရန်  ကူညီဆောင်ရွက် ပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား မဲရုံအသီးသီးမှ တာဝန်ကျမဲရုံမှူးများ၊  ဒုတိယမဲရုံမှူးများ၊ ဝန်ထမ်းများနှင့် မဲရုံလုံခြုံရေး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2020-11-16 06:17:49

မန့်ဟီးရိုးမြို့( မန့်ဟျှိုးမြို့ )

မန့်ဟီးရိုးမြို့သည် တရုတ်-မြန် မာ နယ်စပ်မျဉ်း ဖြတ်သန်းသွားရာ မြို့တစ်မြို့ဖြစ်ပြီး တစ်မြို့ နှစ်နိုင်ငံဟု ထင်ရှားသည်။။