မဟာမင်းထင်ကျောင်း

Listing Description

နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိ မဟာမင်းထင်ကျောင်းသစ်ကျောင်းတော်ကြီးသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက် ၈၄၀၊ ရွှေဘုန်းရှိန်ရပ်ကွက်တွင် တည်ရှိသည်။ ၁၈၅၂ ခုနှစ်တွင် ဇနက်ပလာဆင်ဝန် မဟာမင်းလှကျော် ဦးမင်းထင်မှ ဆောက်လုပ် လှူဒါန်းခဲ့သော ကျောင်းတော်ကြီးဖြစ်သည်။ မူလ ကျောင်းတော်ကြီးမှာ ကျောင်းဦးပြဿဒ်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင် အပါအဝင် တိုင်လုံးရေ စုစုပေါင်း ၄၂၆ တိုင်နှင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင်မူ ကျောင်းတော်ကြီး၏ တိုင်လုံးရေမှာ စုစုပေါင်း ၁၄၃ တိုင်သာ ကျန်ရှိကာ မူလကျောင်းတော်ကြီးမှာ လက်ရှိ ကျောင်းတော်ကြီးထက် သုံးဆမျှပင် ပို၍ ကြီးမည် ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ရတနာပုံခေတ်က မဟာမင်းထင် ကျောင်းကြီး၏ ကြီးမားခန့်ထည်မှုကို “ကျောင်းမှာမင်းထင်၊ သိမ်မှာမိုးတား၊ ဘုရားမှာ အာနန္ဒာ” ဟု ဆိုရိုးထားရှိခဲ့ခြင်း ဖြစ်သည်။ မဟာမင်းထင်ကျောင်းကြီး၏  ထင်ရှားသည့် ဗိသုကာ အမှတ်အသားမှာ လေးထောင့်ကျကျ ပုံစံ ရေနံချေးဝနေသည့် ကျောင်းကြီး၏ မြောက်ဘက် မျက်နှာစာတွင် ရှိသော အုတ်လှေကားနှစ်စင်းနှင့် အမရပူရခေတ် လက်ရာ နံရံပန်းပုများ၊ ကြီးမားခန့်ထည်သည့် တိုင်လုံးကြီးများ ဖြစ်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-08-30 16:42:32

ဖေါ်ပြပေးပါ

မဟာမင်းထင် မူလကျောင်းတော်ကြီးကို အင်းဝမြို့ ဟောင်း၌ တည်ဆောက်ခဲ့ပြီး ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခုနှစ်တွင် မူလကျောင်းဒကာ၏သား ဇနက်ပလာ ဆင်ဝန် မဟာမင်းလှမင်းကျော် ပြာရှပ်ဦးမင်းထင်က အမရပူရမှ လက်ရှိနေရာသို့ ရွှေ့ပြောင်းဆောက်လုပ်ခဲ့ရာ မဟာမင်းထင်ကျောင်းဟု ထင်ရှားခဲ့သည်။ ဆရာကြီး နတ်မောက်ထွန်းရှိန်က ကျောင်းအလှူရှင် ဆင်ဝန်ဦးမင်းထင်သည် တောင်သာ၊ ညောင်အုပ်နှစ်မြို့စား၊ ဝန်မင်း မဟာမင်းလှသီရိသင်္ခယာ ဦးဗိုလ်၏သားကြီးဟု ရေးသားခဲ့သည်။ ကျောင်းကြီးသည် အလွန်ကြီးမားသဖြင့် နှစ်နှစ်ကြာ ပြောင်းရွှေ့တည်ဆောက်ခဲ့ရကာ သီပေါမင်းလက်ထက် ၁၈၇၈ ခုနှစ်ရောက်မှ ပြီးစီးခဲ့သည်။