ရတနာပုံ တိရစ္ဆာန်ဥယျာဉ်

Listing Description

ရတနာပုံတိရစ္ဆာန်ဥယျာဉ်သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်း မြောက်ဘက်ကပ်လျက် တည်ရှိပြီး ၅၃.၂၁ ဧက ကျယ်ဝန်းသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)သည် သစ်ပင်၊ ပန်းမန်များ ပေါများခြင်း၊ တိရစ္ဆာန် အမျိုးပေါင်း စုံလင်စွာ ထားရှိပေးခြင်း၊ မန်းတောင်ရိပ်ခိုသော အေးချမ်းသည့် နေရာတွင် တည်ရှိခြင်းကြောင့် အများပြည်သူများ လည်ပတ်ကြည့်ရှုချင်စရာ ကောင်းသော တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်ပါသည်။