မေတ္တာ (၁၉၅၄–၂၀၂၁)

Listing Description

သရုပ်ဆောင်၊ လူရွှင်တော် ဦးမေတ္တာကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ နာမည်အရင်းမှာ ကိုခင်မောင်မြင့် ဖြစ်သည်။ ပညာရေးမှာ စီးပွားရေးဘွဲ့ B.Com(Eco) ရရှိထားသူ ဖြစ်သည်။

တက္ကသိုလ်အနုပညာလောကမှ လာသူဖြစ်ပြီး တက္ကသိုလ် အငြိမ့်ထဲတွင် လူရွှင်တော်အဖြစ် ပါဝင်ခဲ့သည်။ မေတ္တာဆိုသော အမည်ကို စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ညွန့်က ပေးလိုက်ခြင်း ဖြစ်သည်။ ထိုခေတ်က မေတ္တာနှင့် တွဲ၍ နာမည်ကြီးခဲ့သော လူရွှင်တော်မှာ ကွမ်းသီးဖြစ်သည်။ အရိုင်း၊ နေကျော်၊ ကျော်ထူး၊ ကင်းကောင်၊ မော့စ် အစရှိသည့် လူရွှင်တော်ကြီးများနှင့် တွဲဖက်၍ အငြိမ့်ကပြခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် "ဆိုကြမယ် ပျော်ကြမယ်" အစီအစဉ်တွင် အစီအစဉ်မှူးအဖြစ် ၂ နှစ်ခန့်ပါဝင် ဆောင်ရွက်ခဲ့သည်။

ဇနီးမှာ ဒေါ်လွင်မီမီကို ဖြစ်ပြီး သား မေတ္တာမြင့်မြတ်ဟိန်းနှင့် သမီး သက်လျာလွင်တို့ မွေးဖွားခဲ့သည်။ 

၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။