ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ်(၁) တွင် ဆန္ဒမဲလာရောက်ပေး

Listing Description

မြန်အောင် နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးတို့ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၁) ၌ ယနေ့ နံနက် ၉ နာရီကဆန္ဒမဲ လာရောက် ပေးကြသည်။

မြန်အောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နယ်မြေ အ.ထ.က သပြေကုန်းမဲရုံ (၁) ၌ ဆန္ဒမဲပေးခွင့်ရှိသူ အမျိုးသား ၁၂၂၇ ဦး၊ အမျိုးသမီး ၁၅၄၃ ဦး စုစုပေါင်း ၂၇၇၀ ရှိကြောင်းနှင့် သပြေကုန်းကျေးရွာအုပ်စု အတွင်း မဲရုံ ၁၅ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၁၇၄၉ ဦးရှိကြောင်း မြန်အောင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)