မဲလံစေတီ

Listing Description

မဲလံဆံတော်ရှင်စေတီသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ မြောက်ဘက် ၁၄ မိုင် ၅ ဖာလုံအကွာ ဘီးလင်း-ဖာပွန် ကားလမ်းအနီး ပေ ၈၆ဝ အမြင့်ရှိ နာဂပဗ္ဗတတောင်၌ တည်ရှိသည်။ ဉာဏ်တော်မှာ ၂၈ တောင်မျှသာရှိသော်လည်း တစ်လုံးပေါ် တစ်လုံးထပ်နေသော ကျောက်တုံးကြီး (၃) လုံးပေါ်၌ စေတီကိုတည်ထားပြီး၊ ထီးထီး မားမားမြင့်မားမတ်စောက်သော တောင်ထိပ်ဖျားတွင် တည်ရှိနေပါသည်။ ဆံတော်ရှင်တောင်ပေါ်၌ စေတီတော်ကြီးကို ဦးခေါင်းပြုထားပြီး တောင်ဘက်သို့ ခြေဆင်းထားသော အရှင်ကုမာရကဿပ ကိုယ်တော်ကြီး ရှေးဝဋ်ကြွေးကြောင့် ကျောက်တုံးပိ၍ ပရိနိဗ္ဗာန်ပြုနေသည့်ပုံတော်ကို ၁၂ တောင်ခန့် ကျောက်သားဖြင့် ထုလုပ်ပြသထားပါသည်။ ထိုကျောက်ပိရဟန္တာပုံတော်ကို ၁၂၈၈ ခုနှစ်တွင် ကင်းရွာ၊ ကျောက်လုံးကြီး လေသာဂိုဏ်းချုပ်ဆရာတော်ဦးတရုတ်ဖြူမှ ပုံတော်ဖွင့် ပူဇော်ခဲ့ပါသည်။