ကျိုက်ထီးဆောင်းစေတီ

Listing Description

ကျိုက်ထီးဆောင်းစေတီသည် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာတွင် တည်ရှိပါသည်။ ကျိုက်ထီးဆောင်းစေတီသည် မြတ်စွာဘုရား၏ ဆံတော်ရှင်နှင့် သွားတော်ဓါတ်တို့ ကိန်းဝပ်စံပယ်ရာ အထွဋ်အမြတ်နယ်မြေဟုလည်း ဆိုကြပါသည်။ စေတီတော်ကို အလျား နှစ်ပေနှင့် သုံးပေကြား၊ အထူ ခြောက်လက်မမှ တစ်ပေအကြားရှိ ဂဝံတုံးများဖြင့် တည်ဆောက်ခဲ့ပါသည်။ ကျိုက်ထီးဆောင်းတွင် မွန်တို့၏ရှေးဟောင်းယဉ်ကျေးမှု သမိုင်းလက်ရာများဖြစ်သော ဂဝံဖြင့် ပြုလုပ်တည်ဆောက်ထားသည့် အဆောက်အဦးများနှင့် အသုံးအဆောင်ပစ္စည်းများကို လေ့လာနိုင်ပါသည်။ ရှေးဟောင်းဂဝံယဉ်ကျေးမှုပြခန်းကိုလည်း သီးသန့်ပြသထားပါသည်။