ဆင်တပ်-မြင်းတပ်

Listing Description

ဆင်တပ်-မြင်းတပ်သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်းစေတီ၏ အနောက်တောင်ဘက် နှစ်ဖာလုံခန့်အကွာတွင် တည်ရှိသော ဆင်ရုပ် မြင်းရုပ်များ ထုလုပ်ထားသည့် ဂဝံတံတိုင်းတစ်ခုဖြစ်ပါသည်။ ဆင်တပ်မြင်းတပ် တံတိုင်းသည် ပေ ၄၂၀ ရှည်ကာ ၁၀ ပေမြင့်ပြီး မြို့ရိုးတံတိုင်း ပုံစံထက် ရှေးဟောင်းမြို့တစ်ခုခု၏ ခမ်းနားသော အဆောက်အအုံတစ်ခုကို အလှအပများဖြင့် မွမ်းမံထုဆစ်ထားကာ ကာရံထားသည့် ဂဝံ တံတိုင်းတစ်ခုဖြစ်နိုင်သည်ဟု ပညာရှင်များ မှတ်ချက်ပြုကြပါသည်။