ကေလာသ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

Listing Description

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တည်ရှိသည်။ ဧရိယာသည် ၂၄ စတုရန်းကီလိုမီတာသာ ရှိပြီး လမ်းမြေများဖြင့် ဝန်းရံထားသည်။ ဒေသခံများကို လယ်ယာလုပ်ငန်းများလုပ်ကိုင်ခွင့်နှင့် ကျွန်းသစ်နှင့် သစ်ထုတ်ကုန်မှတပါး အခြားသစ်များကို သုံးစွဲခွင့်ပြုထားသည်။ ၁၉၄၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ရွက်ကြွေတောနှင့် အမြဲစိမ်းတော သစ်တောအမျိုးအစား ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် လေ့လာခဲ့သော စာရင်းဇယားများအရ ကျားသစ်၊ ဆီးရိုးတောဆိတ်(serow)၊ ချေ၊ (ဂျီ)၊ ဆတ်၊ တောဝက်၊ မျောက်မျိုးကွဲများ၊ တောကြက်၊ ရစ်ငှက်၊ အောက်ချင်းငှက် နှင့် ဒေါင်းများရှိသည်ဟု သိရသည်။ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများရှိနေခြင်းကြောင့် ဒေသတွင်းဘုရားဖူးခရီးသွားဧည့်သည်များ များစွာလည်ပတ်လေ့ရှိသည်။