ကတန်ကျွန်း

Listing Description

ကတန်ကျွန်းသည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မြိတ်မြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ ကျွန်းစုမြို့တည်ရှိသည့် မြိတ်ကျွန်းစုအတွင်းရှိ အကြီးဆုံးကျွန်းဖြစ်ပါသည်။ ကျွန်းအလျား ၂၃ မိုင်ခန့် နှင့် အနံ ၁၁ မိုင်ခန့်ရှိပြီး ဧရိယာ ၄၅၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ ကျွန်းရှိ French Bay Peak သည် ၇၆၇ မီတာ (၂၅၁၆ ပေ) မြင့်ကာ မြိတ်ကျွန်းစုတွင် အမြင့်ဆုံးနေရာဖြစ်ပါသည်။ ဗြိတိသျှလက်ထက်က king's Island ဟုခေါ်တွင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဒေသအခေါ်အဝေါ်ဖြစ်သည့် ကတန်ကျွန်းဟု ပြောင်းလဲလာခဲ့ပါသည်။