လှိုင်းဘွဲမြို့နယ်မှ အထွေထွေရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာနိုင်ရေး နိုင်ငံရေးကိုယ်စားလှယ်များ အသိအမှတ်ပြု လက်မှတ်ရေးထိုး

Listing Description

လှိုင်းဘွဲ နိုဝင်ဘာ   ၉

ကရင်ပြည်နယ်    လှိုင်းဘွဲမြို့နယ်တွင်    ကျင်းပခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏  ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက်  နိုင်ငံရေးပါတီကိုယ်စား လှယ်များ  အသိအမှတ်ပြု  လက်မှတ်ရေးထိုးခြင်းကို ယနေ့ ညနေ ၅ နာရီခွဲကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌ ဆောင်ရွက်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ် များ  ထုတ်ပြန်ကြေညာနိုင်ရေးအတွက်  အသိအမှတ်ပြု   လက်မှတ်ရေးထိုးပွဲသို့    မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ညွန့်နှင့် အဖွဲ့ဝင်များ၊  နိုင်ငံရေးပါတီ များမှ  ကိုယ်စားလှယ်များ၊    ပြည်သူများ   တက်ရောက်၍  အသိအမှတ်ပြု လက်မှတ်ရေးထိုးကြသည်။

လှိုင်းဘွဲမြို့နယ်အတွင်း     နိုင်ငံရေးပါတီ   ကိုးပါတီ၌ ကိုယ်စားလှယ်လောင်း ၃၆ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စား လှယ် ၁၁ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦး  ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁)  နှင့်   (၂)  တွင်   ကိုယ်စားလှယ်  လေးဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ကိုယ်စား လှယ်  ငါးဦး၊  ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ကိုယ်စားလှယ် ငါးဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၈) တွင်   ကိုယ်စားလှယ်   ငါးဦး၊   အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) တွင် ကိုယ်စားလှယ်  လေးဦး  ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့သည်။   တိုင်းရင်းသား   မဲဆန္ဒနယ်များတွင်    ဗမာကိုယ်စားလှယ် ကိုးဦး၊ မွန် ကိုယ်စားလှယ်  ခုနစ်ဦး၊ ပအိုဝ်းကိုယ်စားလှယ်  ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)