ပဒုံဂူ

Listing Description

ပဒုံဂူသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျုံထော်ရေတံခွန်သို့သွားရာလမ်း တခင်းလုံကျေးရွာနှင့် ၂ ဖာလုံခန့်အကွာတွင် တည်ရှိပြီး ကရင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော ဂူများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ပဒုံဂူသည် တောင်ပေါ်တက်ရာလှေကားထစ်များအနီးတွင် တောင်တစ်ဖက်သို့ပေါက်သော လိုဏ်ဂူတည်ရှိခြင်းဖြစ်ပြီး လိုဏ်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုရားစေတီများ ပူဇော်ခံထားရှိပါသည်။ ပဒုံဂူအနီးတွင်လည်း မြိုင်ကြီးငူဆရာတော်ဘုရားကြီး ကြီးမှူ၍ တည်ထားသော ကျောက်သင်္ဘောပေါ်တွင် တည်ထားဟန် ဆုတောင်းပြည့်စေတီတော်ကိုလည်း ဖူးမြော်ကြည်ညိုနိုင်ပါသည်။