ကွီးကျယ်စမ်းချောင်း

Listing Description

ကွီးကျယ်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ ကွီးကျယ်ကျေးရွာတွင် တည်ရှိပါသည်။ ဒေါနတောင်တန်းကြားတွင် ကျောက်တုံးအကြီးအသေး အရွယ်အစားမျိုးစုံဖြင့် စီးဆင်းနေသော စမ်းချောင်းဖြစ်ပါသည်။ ချောင်းတစ်လျှောက်လုံး ရေတံခွန်ငယ်များကဲ့သို့ ဖြစ်ပေါ်နေသော ကြည်လင်အေးချမ်းသည့် ရေကန်ငယ်လေးများတွင် ရေကစားနိုင်ပါသည်။ စိမ်းစိုပြီးကြည်လင်သန့်ရှင်းသောရေများကြောင့် ခရီးသွားများအကြားတွင် ထင်ရှားသည့် အပန်းဖြေရန်နေရာတစ်ခုဖြစ်ပါသည်။