လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန် ပန္နက်တင်

Listing Description

လှိုင်းဘွဲ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည် ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ကရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစော ချစ်ခင်၊ ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြသီတာအောင်စိုးစိုး ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးရန်နိုင်ထွဋ်နှင့် လှိုင်းဘွဲမြို့နယ် ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်ထွန်းတို့က မိုးလုံ လေလုံအားကစားရုံ တည်ဆောက်ရန် အတွက် မင်္ဂလာပန္နက်တင်ပြီး (အပေါ်ပုံ) အမွှေးနံ့သာရည် ပက်ဖျန်း ပေးကြသည်။

အဆိုပါ မိုးလုံလေလုံအားကစား ရုံကို ပြည်ထောင်စုရန်ပုံငွေ ငွေလုံး ငွေရင်းအသုံးစရိတ် ၂၉၇ ဒဿမ ၆ သန်းဖြင့် အလျားပေ ၁၂၀၊ အနံ ပေ ၉၀၊ အမြင့် ၃၆ ပေရှိပြီး မြသီတာ အောင်စိုးစိုး ကုမ္ပဏီလီမိတက်က ဇန်နဝါရီလမှစတင်၍ ခြောက်လ အတွင်း အပြီးသတ် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)