ကျုံထော်ရေတံခွန်

Listing Description

ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက်ဘက်ရှိ မြိုင်ကြီးငူဒေသ ထိုင်း-မြန်မာ နယ်စပ် အနီးတွင်တည်ရှိပါသည်။ ဘားအံမြို့မှတစ်ဆင့် ၂၇ မိုင် ၄ ဖာလုံကွာဝေးသည့် ရွှေဂွန်းကျေးရွာသို့ လည်းကောင်း၊ ရွှေဂွန်းကျေးရွာမှ ၁၃ မိုင်ကွာဝေးသည့် မြိုင်ကြီးငူအထူးဒေသသို့လည်းကောင်း၊ မြိုင်ကြီးငူအထူးဒေသမှ ၃၄ မိုင်ကွာဝေးသည့် ကျုံထော်ရေတံခွန်သို့ အဆင့်ဆင့် သွားရောက်နိုင်ပါသည်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် ကျုံထော် ရေတံခွန်သည် တစ်နှစ်ပတ်လုံး ရေခန်းခြောက်မှု မရှိခြင်း၊ သဘာ၀ တောတောင်များ မပျက်မယွင်း တည်ရှိခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ခရီးသွား ဧည့်သည်များအကြား လူသိများ ထင်ရှားလာခဲ့ပါသည်။