ဖရူဆိုမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

Listing Description

ဖရူဆို နိုဝင်ဘာ ၈

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများ၌ ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ သည်။

ထိုသို့ ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူ များ လာရောက်မဲပေးရာတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လက်သန့် ဆေးရည်ဖျန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာ၍ ဝင်ရောက်စေခြင်း၊ မဲလက်မှတ်စစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့် ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများကလည်း မိမိတို့၏ ဆန္ဒအလျောက် လွတ်လပ် စွာ ဆန္ဒမဲပေးကြသည်။

ဖရူဆိုမြို့နယ်တွင် မဲရုံပေါင်း ၃၇ ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၉၀၀၀ ကျော်ရှိရာ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

တောရယ်(ပြန်/ဆက်)