သံတော်ကြားဘုရား

Listing Description

သံတော်ကြားဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအတွင်း ရွှေဂူကြီးဘုရား၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး အမြင့်ပေ ၂၀ ခန့်ဉာဏ်တော်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်ပါသည်။ ယင်းရုပ်ပွားတော်ကြီးကို ပုပ္ပါးတောင်ရှိ အစိမ်းရောင်ချော်ကျောက် (Turff Stone) များဖြင့် တည်ဆောက်ထားပါသည်။ နရသီဟပတေ့မင်းလက်ထက် ၁၂၈၄ ခုနှစ်တွင် ပုဂံနန်းတော်အနီး ဘုရင့်အသံတော်ကို ကြားနိုင်သည့် နေရာ၌ တည်ထားသဖြင့် သံတော်ကြားဘုရားဟု ခေါ်ဆိုကြကြောင်း သိရပါသည်။ သံတော်ကြားဘုရားကို ရှေးကျလှသော ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပြီး ပုဂံခေတ်ဆင်တုကြီးငယ် ဟူသမျှကို အုတ်၊ သစ်သားစသည်ဖြင့် ထုလုပ်လေ့ရှိရာ ကျောက်အုတ်များဖြင့် စီထားပုံမှာ လေ့လာဖွယ်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် ပုဂံ ငလျင်ဒဏ်ကြောင့် သံတော်ကြားဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဦးခေါင်းတော် ပြုတ်ကျ ပျက်စီးသွားခဲ့ရာ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ပြန်လည်ပြင်ဆင် ထားပါသည်။