လန်ပိကျွန်း

Listing Description

လန်ပိကျွန်းသည် မြိတ်ကျွန်းစု၏ တောင်ဘက်ထက်ဝက်ပိုင်းတွင် တည်ရှိ၍ ကြီးမားသော မြင်းခွာပုံသဏ္ဍာန်ဖြစ်ပြီးထိုဒေသရှိကျွန်းများအနက်တွင်အကြီးမားဆုံးနှင့် နာမည်အကျော်ကြား ဆုံးကျွန်းဖြစ်ပါသည်။ ကော့သောင်းမြို့မှ ရေမိုင် ၆၀၊ ဘုတ်ပြင်းမြို့မှ ရေမိုင် ၄၀ ကွာဝေးသည်။ လန်ပိကျွန်းအားမြန်မာနိုင်ငံ၏ ပထမဆုံး လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ၁၉၉၅ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ရှားပါးသစ်ပင် ပန်းမန်များနှင့် တိရစ္ဆာန်များအား အမျိုးအစားစုံလင်စွာပြသထားပါသည်။ လန်ပိကျွန်းကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ တောင်ဘက်တွင် ကျွန်းနှင့် တစ်ဆက်တည်း  မကြုံဂလက်ကျွန်း ရှိကာ ရေလုပ်ငန်းကို လုပ်ကိုင်သော ရိုးသားသည့် ဒေသခံ ဆလုံ(မွန်ကင်း) လူမျိုးများနေ ထိုင်သည့် မကြုံဂလက် ကျေးရွာရှိပြီး  ကျေးရွာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ပါသည်။