ဘုတ်ပြင်းမြို့နယ်၌ ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

Listing Description

ဘုတ်ပြင်း နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ယနေ့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုနံနက်၆ နာရီမှစတင်၍ ပြည်သူများကဆန္ဒမဲများလာရောက်ပေးလျက်ရှိကြသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက် များနှင့်အညီ ဆန္ဒမဲပေးကြသည်။ ဘုတ်ပြင်းမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ အုပ်စု ၂၇ စု၌ မဲရုံပေါင်း ၁၁၄ ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၅၉၀၉၉ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)