ဘုရားထံလိုဏ်ဂူ

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှ ၃၀ မိုင်ခန့်အကွာ ထိုင်းနိုင်ငံနယ်စပ်ရွာဖြစ်သော ရတနာပုံကျေးရွာအသွား လမ်းမကြီးအနီး လမ်းခွဲတစ်နေရာတွင် တည်ရှိသည်။ လိုဏ်ဂူသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ ယိုးဒယားသို့ ချီတက်တိုက်ခိုက်စဉ် လနှင့်ချီကြာမြင့်ခဲ့သဖြင့် ဘုရားထံဂူအနီးတစ်ဝိုက်တွင် လယ်ယာစိုက်ပျိုး‌နေထိုင် စခန်းချခဲ့သော လိုဏ်ဂူဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။ လိုဏ်ဂူတွင် ဝင်ပေါက်တစ်ပေါက်တည်း ရှိနေခြင်းမျိုးမဟုတ်ပဲ တောင်ပတ်ပတ်လည်၌ ဦးအောင်ဇေယျပလ္လင်‌ဂူ၊ လေဂူ၊ ဘုရားဂူအပါအဝင်များစွာသော ဂူပေါက်များရှိနေပါသည်။ ဂူအတွင်းတွင် ယခင်ကရှေးဟောင်းဘုရား အမြောက်အများရှိသော်လည်း မသမာသူများ၏ ခိုးယူမှုများကြောင့်ဘုရားဆင်းတုတော်အနည်းငယ်မျှသာ ကျန်ရှိတော့သည်။