လေညာ အမျိုးသားဥယျာဉ်

Listing Description

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိသည်။ ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် လေညာ အမျိုးသားဥယျာဉ်(တိုးချဲ့) အဖြစ် ၁၃၉၈.၅၉ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့ခဲ့သည်။ အမြဲစိမ်းတောများဖြင့် ဖုံးလွှမ်းထားပြီး စိတ်ဝင်စားဖွယ်အချက်အလတ်အဖြစ် ၂၀၀၈ ခုနှစ်တွင် BirdLife International(BIL)အဖွဲ့အစည်း၏ တိုင်းတာချက်များအရ တောင်ငုံးရင်မည်း (Pitta gurneyi)ငှက်များ ၉,၃၀၀- ၃၅,၀၀၀ ခန့် ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သော စာရင်းအရ မျိုးသုဉ်းတော့မည့် စာရင်းတွင်ထည့်ထားခဲ့သည်။ သို့သော် ယခုရှာဖွေတွေ့ရှိမှု အပြီးတွင် International Union for Conservation of Nature(IUCN)မှ "critically endangered" မှ "endangered" သို့ စာရင်းသွင်းခဲ့သည်။ ၉၉% သည် မြန်မာနိုင်ငံတွင်ရှိပြီး လေညာအမျိုးသားဥယျာဉ်၏ ရေတိမ်တောများက ငှက်များကို ရှည်ကြာစွာ တည်နေနိုင်ရေးအတွက် အထောက်အပံ့ ပေးထားသည်။