ဟားရေတံခွန်

Listing Description

ဟားရေတံခွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တတန်ကူးကျေးရွာအနီး တည်ရှိပါသည်။ ပအိုဝ်းအမျိုးသားဥယျာဉ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဧရိယာအတွင်း တည်ရှိပါသည်။ ဟားကြီးရေတံခွန် နှင့် ဟားငယ် ရေတံခွန်ဟူ၍ နှစ်ဆင့်ရှိပါသည်။ ဟားကြီးနှင့် ဟားငယ် ရေတံခွန်ကြား အနည်းငယ်ကွာဝေးပြီး မိနစ်သုံးဆယ်ခန့် လမ်းလျှောက်သွားရပါသည်။ ဟားငယ် ရေတံခွန်သည် ရေစီးဆင်းမှုနှေး၍ ရေကူးရေချိုး ဆော့ကစားနိုင်ပြီး ဟားကြီးရေတံခွန်မှာမူ ရေစီးသန်ပါသည်။ ဟားရေတံခွန်တွင် ကယန်းလူမျိုးများ တည်ထားသော ခရစ်ယာန်ဘာသာအမှတ်သားဖြစ်သည့် လက်ဝါးကပ်တိုင်နှင့် မယ်တော်မာရီရုပ်တုလည်း တည်ရှိပါသည်။ ရေတံခွန်သည် ရေများအဆင့်ဆင့်ကျကာစီးဆင်းနေပြီး တောင်ခြေတွင် ကန်အဖြစ်ပြန်လည် စုံစည်း၍ ချောင်းအဖြစ် ပေါင်းလောင်းမြစ်ထဲသို့ ပြန်လည် စီးဝင်သွားပါသည်။ သဘာဝအတိုင်း အရိုင်းဆန်သော ရေတံခွန်ဖြစ်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2020-07-16 22:51:42

Beautiful Place!