သံပျင်စွာဘုရား

Listing Description

သံပျင်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ အနောက်ဖွားစောရွာ၏ အနောက်ဘက်အနီးတွင် တည်ရှိပါသည်။ အရှေ့မုခ်လှည့် ကွမ်းတောင်ပေါက်စေတီတစ်ဆူဖြစ်ပြီး ကျစွာမင်း၏ သမီးတော် သံပျင်မင်းသမီးကောင်းမှုကုသိုလ်ပြုတည်ထားခဲ့သည်ဟု ဆိုပါသည်။ လိုဏ်အတွင်း အလယ်မဏ္ဍိုင်တွင် မုဒြာဟန်အမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ တည်ထားပြီး အတွင်းထောင့်များတွင်လည်း ရုပ်ပွားဆင်းတုများ တည်ရှိပါသည်။ သံပျင်စွာဘုရား၏ မြောက်ဘက်တံတိုင်းအနီးရှိ ထုထည်အတော်အတန်ကြီးမားသော အုတ်ကျောင်းဆောင်ကြီးကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။