ကျိုက်ဇယ်ဆံတော်ရှင်စေတီသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ တွင်တည်ရှိပါသည်။ ဇိနသူဌေးကြီးမှ မြတ်စွာဘုရား၏ ဆံတော်လေးဆူ ဌာပနာ၍ တည်ထားခဲ့သည်ဟု သမိုင်းကဆိုပါသည်။ ဉာဏ်တော်အမြင့်မှာ ၆၄ တောင်ရှိပြီး ခေတ်အဆက်ဆက် မင်းများ၊ မွန်သူဋ္ဌေးသူကြွယ်များ တိုင်းသူပြည်သားများမှ ပြုပြင်ထိန်းသိမ်းလာခဲ့ကြပါသည်။ စေတီတော်၏ ပရဝုဏ်အတွင်းတွင် မွန်ပြည်နယ်တွင် အကြီးဆုံးဖြစ်သော သံမောင်းကြီးတစ်ခုရှိသည်။ ထိုသံမောင်းကြီးကို ကမာဝက်မြို့ရှိ မွန်လူမျိုးမောင်းအတတ်ပညာရှင်များမှ အမြင့် ၁၁ ပေ ၊ ၃ လက်မ နှင့် ပင်မအဝန်း ၃၂ ပေ၊ သံပိဿာချိန် ၉၅၃ ပိဿာအသုံးပြုကာ တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၂၀ ကုန်ကျမှုဖြင့် ထုလုပ်လှူဒါန်းခဲ့ပါသည်။