ကန်ကြီးစေတီတော်နှင့် ကန်ကြီးကန်

Listing Description

ကန်ကြီးစေတီတော်သည် မုဒုံမြို့၏ အရှေ့တောင်ဘက် ငါးဖာလုံခန့်အကွာ မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီး၏ အရှေ့ဘက်တွင်တည်ရှိသည်။ ကန်ကြီးစေတီတော်သည်  ၄.၆၂  ဧက ကျယ်သော မဟာရာမ် တံတိုင်း အလယ်တွင်တည်ရှိပြီး ညဏ်တော် အမြင့် (၈၉)တောင် ၊ ဖိနပ်တော် အဝန်း (၄၁၈)တောင် ရှည်လျားကာ အုတ် အင်္ဂတေတို့ဖြင့် လက်ရာပြောင်မြောက်စွာ တည်ထားသော စေတီတော် ဖြစ်ပါသည် ။ သမိုင်းအထောက် အထားများအရ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကတည်းက မြတ်စွာဘုရားရဲ့ ဆံတော်ရှင်ကို ထည့်သွင်း ဌာပနာပြီး ဂဝံအုတ်တို့နဲ့ စတင် တည်ထားခဲ့ကာ နောင်အခါမှ လက်ရှိ စေတီတော်အတိုင်း ပြုပြင်တည်ထား ခဲ့သည်ဟု သိရှိရပါသည်။ စေတီတော်နှင့်ကပ်လျက်တွင် သဘာဝအတိုင်း ကြည်လင်စိမ်းမြလျက် ရှိသော ကန်ကြီးကန် တည်ရှိသည်။ မြန်မာ နှစ်ဆန်း (၁) ရက်နေ့ညတွင် ဆီမီး ၉၀၀၀ ပန်း ၉၀၀၀ ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို ကန်ကြီးစေတီတော် ပရဝုဏ်အတွင်းမှာ ကျင်းပကြသလို ကန်ကြီးကန် အတွင်းမှာလည်း ဆီမီးမျှောပွဲကို ကျင်းပပူဇော် ကြပါသည်။