ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး (မုဒုံ)

Listing Description

ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာတွင် တည်ရှိပါသည်။ အတောင် ၄၀၀၊ ပေ ၆၀၀ နှင့် အမြင့်ပေ ၁၇၀ ရှိသော ကမ္ဘ့ာအကြီးဆုံး လျောင်းတော်မူရုပ်ပွားတော်မြတ်တစ်ဆူဖြစ်ပြီး အမြင့်ပေ၁၂၀ ရှိသော တောင်စောင်းပေါ်တွင် တည်ထားကိုးကွယ်ထားပါသည်။ ဝင်းစိန်တောရဆရာတော်ကြီးက သံကူကွန်ကရစ်ခေါင်းပွဖြင့် တည်ဆောက်ထားပြီး အတွင်းပိုင်းတွင် ၂၂ ပေပတ်လည် ဗုဒ္ဓဝင်အခန်း၊ ငရဲခန်းတို့ဖြင့်ပုံဖော်ထားပြီး အခန်းပေါင်း ၂၀၀၀ ကျော်ရှိပါသည်။ ဘုရားကြီး၏ ပရဝုဏ်အတွင်း အတောင် ၆၆ တောင်ရှိသော ရှင်ဥပဂုတ္တမထေရ်ရုပ်တုလည်း တည်ရှိပါသည်။