မုဒုံမှာ မွန်ညီညွတ်ရေးပါတီ သုံးနေရာနိုင်

Listing Description

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ MUP က သုံးနေရာအနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်နေရာအနိုင်ရရှိတယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရပါတယ်။

ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမှတ်(၂)မှာ မွန်ညီညွတ်ရေးပါတီ MUPက အနိုင်ရရှိခဲ့တာပါ။

မုဒုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီ MUP နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDတို့ အားပြိုင်မှုဖြစ်ခဲ့တဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မှာဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်အမှတ်(၁)တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက အနိုင်ရရှိခဲ့ကာ ပြည်နယ်အမှတ် (၂)မှာ  မွန်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက လက်လွှတ်ခဲ့ရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရှုံးနိမ့်ခဲ့တဲ့ နှစ်နေရာမှာတော့ မွန်ညီညွတ်ရေးပါတီMUPက နိုင်စံတင်၊ အမျိုးသားလွှတ်တော် အမှတ်(၃)မှာတော့ မွန်ညီညွတ်ရေးပါတီ MUPက ဦးဌေးနိုင်(ခ)နိုင်အမ်သဝ်တို့က အနိုင်ရခဲ့ပါတယ်။

မဲရလဒ်တွေကတော့ ပြည်သူ့လွှတ်တော်မှာ မွန်ညီညွတ်ရေးပါတီ MUP က နိုင်စံတင် ၄၄၀၇၉ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDက ၄၃၉၅၅ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဦးသက်လွင် ၁၂၅၇၈ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးအောင်ထွန်းမြင့် ၃၃၂ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော်အမှတ်(၃)မှာ မွန်ညီညွတ်ရေးပါတီMUPက ဦးဌေးနိုင်(ခ) နိုင်အမ်သဝ် ၄၄၉၁၈ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDက ဒေါ်တင်မွန် ၄၃၀၁၉ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP က ဦးဇော်မြင့် ၁၂၇၉၂ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးအောင်ဘန်း ၃၀၃ မဲနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးညာဏ်ထွန်း ၅၆၀ မဲ အသီးသီးရရှိခဲ့ကြတာပါ။

ပြည်နယ်လွှတ်တော် (၁)မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒေါ်ခင်ကျော့ဖြူ ၂၆၁၇၁ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က နိုင်တလညီ ၁၇၇၆၀ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီUSDPက ဦးဝင်နိုင်ဦး ၈၃၃၇ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးခင်မောင်ဦး ၂၂၇ မဲနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးဝင်းသိန်း ၁၇၁ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

ပြည်နယ်အမှတ်(၂)မှာဆိုရင်တော့ မွန်ညီညွတ်ရေးပါတီMUPက ဦးစိုးဝင်း(ခ)နိုင်မွန်ရာဇာ ၂၆၁၃၄ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDက ဒေါက်တာဘုန်းဝေဦး ၁၈၂၃၁ မဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPက မင်းအောင်မြင့် ၄၂၀၀ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးအောင်ဆန်းဦး ၄၁၅ မဲတို့ အသီးသီးရရှိခဲ့ကြပါတယ်။ မုဒုံမြို့နယ်မှာ နိုင်ငံရေးပါတီ ၅ ခုတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရုံ ၁၀၃ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၁၈၂၃၀၂  ဦးရှိခဲ့ပါတယ်။

Crd RFA