စိန့်အန်ထော်နီဘုရားကျောင်း

Listing Description

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၄) တွင် တည်ရှိသည်။ ဘုရားကျောင်းကို ၁၈၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဆရာတော် Paul Bigandet မှ ဦးဆောင်၍ အုတ်မြစ်ချစတင်တည်ဆောက်ခဲ့ပြီး ၁၈၇၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြီးစီးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဘုန်းတော်ကြီး Rev, Fr.S. S. Arul က ဦးစီး၍ ပြန်လည်ပြုပြင်ခဲ့သည်။ ဘုရားကျောင်းကို ၁၈၇၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ နိုင်ငံခြားမစ်ရှင် ဘုန်းတော်ကြီးများမှ ဦးစီးဆောင်ရွက်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှ ယနေ့အထိ ရန်ကုန်ရှိ ဒေသခံ တမီးလ်ဘုန်းတော်ကြီးများမှ ဦးစီဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ယင်းစိန့်အန်ထော်နီဘုရားကျောင်း အဆောက်အအုံသည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။