ကျိုက်ပြသာဒ်တနွံ (သို့) မင်းကျောင်းဘုရား

Listing Description

ကျိုက်ပြသာဒ်တနွံ (သို့) မင်းကျောင်းဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ သန်လျင်-ကျောက်တန်းလမ်းတွင် တည်ရှိပါသည်။ မင်းကျောင်းဘုရားဟု လူသိများထင်ရှားပါသည်။ စေတီတော်၏ သမိုင်းအဆိုအရ ပါဒမင်းဆက်၏ ၇ ဆက်မြောက်မင်းဖြစ်သည့် ဇယသေနမင်း၏ မိဖုရားတစ်ပါးဖြစ်သော မိတနွံသည် အစ်မဖြစ်သူ မိတနော်က ကျိုက်ပြသာဒ်တနော်စေတီတည်သည့် နည်းတူ မိမိသည်လည်း နောင်သံသရာတွင် သူတစ်ပါး၏ အငယ်အနှောင်းမဖြစ်လိုဟူ၍ ဆုပန်ပြီး ဉာဏ်တော် ၁၅ တောင်ရှိသော ကျိုက်ပြသာဒ်တနွံစေတီတော်ကို ဆံတော်ဓာတ်တစ်ဆူကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြသဖြင့် ယခုအခါ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေရှိပြီး ကျောက်တန်းမြို့၏ ကုန်းမြင့်ပိုင်း၌ တည်ရှိသဖြင့် အဝေးမှပင် ထင်ထင်ရှားရှား ဖူးမြော်မြင်တွေ့နိုင်ပါသည်။