ပင်သလဲကျိုက်ထီးရိုးစေတီတော်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၏အရှေ့ဘက် ပင်သလဲကျေးရွာအနီးတွင် တည်ရှိပါသည်။ စေတီတော်ကို လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်က ပင်သလဲကျေးရွာ ကျောင်းထိုင်ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်တည်ထားရာ ကျောက်တုံးမှာ တောင်ကုန်းအစွန်း၌ ထူးဆန်းစွာ တည်ရှိပြီး ယင်းတောင်ကုန်းထက်မှ ပင်လောင်းမြို့၏ ရှုခင်းအလှကိုလည်း ကောင်းစွာ ရှုမြင်ခံစားနိုင်ပါသည်။