အောင်သပြေဂူ

Listing Description

အောင်သပြေလိုဏ်ဂူသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဆီဆိုင်၊ တောင်ကြီးသွား ကားလမ်းဘေး လွိုင်ကော်မြို့မှ ၈ မိုင်အကွာတွင်တည်ရှိပါသည်။ ထီးစဲခါးရေတံခွန် အသွားလမ်းပေါ်တွင် ရှိသည်။ ဂူအတွင်းတွင် စီတန်းတည်ထားသော ဘုရားရုပ်ပွားတော်များ၊ သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေသော ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်တိုင်များ တွေ့မြင်နိုင်ပါသည်။ လိုဏ်ဂူတည်ရှိရာ တောင်ပေါ်တွင်လည်း တစ်ဖက်၌ လက်ဝါးကပ်တိုင် ရှိနေပြီး အခြားတစ်ဖက်တွင် စေတီတစ်ဆူ တည်ထားသည်ကို တွေ့မြင်ရပါသည်။ လိုဏ်ဂူအနီးနားရှိ ရွာများတွင် ခရစ်ယာန်ဘာသာကိုးကွယ်သည့်ရွာနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သည့်ရွာများ အသီးသီးရှိကြပါသည်။