ဘယ်လာမြတ်သီရိလွင်

Listing Description

၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ မရမ်းကုန်းတွင် ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ စိတ်ပညာ ဘွဲ့ရခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တင်မိုးလွင်၏ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့သည်။ Miss Forever Gems 2015 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ကျင်းပသော Miss World Myanmar 2016 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss World Myanmar 2016 နှင့် Miss Popular ဆုများ ဆွတ်ခူးခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Washington, DC ၌ ကျင်းပခဲ့သော Miss World 2016 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင် ခဲ့သည်။

ထို့နောက် အဆိုတော် နီနီခင်ဇော်၏ “ချစ်လျက်လမ်းခွဲ” သီချင်းနှင့် အဆိုတော် ဖြိုးလျှံဟိန်း၏ “ဝဋ်” သီချင်းတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Channel 7 မှ ထုတ်လွှင့်ခဲ့သော “အနာဂတ်ချစ်သူ” ရုပ်သံဇာတ်လမ်းတွဲတွင် သီဟထွန်းနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ “Camera” ဇာတ်ကား တွင် ထက်အောင်ရှိုင်း၊ စန်းတိုးနိုင်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားတွင် ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ရဲရင့်အောင်တို့နှင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Miss World Myanmar 2016 ကို ဆွတ်ခူးပြီးနောက် AirAsia ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရသည် ။ ၂၀၁၇ ခုနှစ်တွင် Best-T သွားတိုက်ဆေး၏ အမှတ်တံဆိပ် သံတမန်အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဟန်လေးတို့နှင့်အတူ ခန့်အပ်ခံခဲ့ရသည်။