ခင်ခင်နု (၁၈၉၅ -၁၉၄၉)

Listing Description

ခင်ခင်နုသည် မြန်မာ့ရုပ်ရှင်၏ ပထမဆုံး ရုပ်ရှင်မင်းသမီး ဖြစ်သည်။ ကြည့်မြင်တိုင်၊ စမ်းချောင်း ရှင်စောပုလမ်းတွင် သက္ကရာဇ် ၁၂၅၃ ခု၌ ဖွားသည်။ အမည်ရင်းမှာ မငွေမြိုင် ဖြစ်သည်။

ငယ်စဉ်ကပင် အကဝါသနာပါသည်။ အပျိုအရွယ်တွင် အရပ်ယိမ်းများ၌ ပါဝင်ကပြရာ လူအများပင် နှစ်ခြိုက်ကြသည်။ အကကောင်းရုံမက ဇာတ်မူဇာတ်ဟန်လည်း အလွန်ပါလေသည်။ ထိုးထွင်းဉာဏ်နှင့် ပြည့်စုံ သူတစ်ဦးဖြစ်သည့်အလျောက် ဆရာသင်ကြားပြသမျှကို အလွယ်တကူနှင့် နည်းယူ အတုခိုးတတ်သည်။ သီချင်းဆိုလည်း မညံ့။

မေတ္တာ နှင့် သူရာ အောင်မြင်ပြီးနောက် ကျေးတောသူမနု ဇာတ်ကားကို ရိုက်ကူးရန် ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးချယ်လိုက်သည်။ ကျေးတောသူ မနု ဇာတ်ကားကို အကြောင်းပြု၍ ခင်ခင်နု တွင်လေသည်။ လန်ဒန်အတ်နှင့် တွဲကာ ဇာတ်ကားပေါင်း (၃၀) ကျော် ရိုက်ကူးခဲ့သည်။ အသံတိတ်ကားများတွင် အရှည်ဆုံးဖြစ်သော ရတနာပုံ တွင် ဇာတ်လမ်းပေါ်ရန် မန္တလေးသို့ သွားကာ အချိန်အတော်ကြာ ရိုက်ကူးရသည်။ ထိုဇာတ်ကားပြီးနောက် မင်းသား မောင်ဘတင့်၊ ဒါရိုက်တာ ဦးတုတ်ကြီးနှင့် ခင်ခင်နုတို့ အတွဲလိုက် နာမည်ကြီးလာသည်။

လန်ဒန်အတ်၌ ၉ နှစ်ခန့် ဝင်ရောက်လုပ်ကိုင်ပြီးနောက် နေသူရိန် ဇာတ်ကားကို ရိုက်မည့်ဆဲဆဲတွင် ကုမ္ပဏီမှ ထွက်ခဲ့လေသည်။

ပါဝင်သော ဇာတ်ကားများ

ကျေးတောသူ မနု

စိန်ခြူးကြာညောင်

ရတနာပုံ

ဗိုလ်ဝ 

သားဗိုလ်ဝ

သမီးဗိုလ်ဝ

တပြည်သူ

မေဓာဝီ

စိန်တလေး

ဆုထူးပန်

သူဌေးမ

မုဆိုးဘို