ဗားကရာချောက်

Listing Description

ရန်ကုန်မြို့၊ အထက်ကြည့်မြင်တိုင်၊ အောက်ကြည့်မြင်တိုင်နှင့် ဗားကရာလမ်းဆုံသည့်နေရာတွင် တည်ရှိသည်။ “ဗားကရာ” သည် “ဘာ့က်ရ်” မွန်အမည်မှ ဆင်းသက်လာသည်ဟု သိရပြီး “ခရာတော ဆူးခြုံတောပေါက်ရာချောက်” ဟု အဓိပ္ပါယ် ရပါသည်။ လေ့လာသူများ၏ ခန့်မှန်းချက်များအရ ဗားကရာချောက် ရေနုတ်မြောင်းစနစ်ကို ၁၈၆၉ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည်ဟုသိရသည်။ မိုးမည်မျှ ရွာသွန်းစေကာမူ ဗားကရာချောက်ကြီး ရေမလျှံရခြင်းအကြောင်းရင်းမှာ ရေဝင်၊ ရေထွက်နှင့် ရေနုတ်စနစ် ကောင်းမွန်စေရန် ဖောက်လုပ်ထားသည့် ကားလမ်းအောက်ရှိ မြေအောက် ရေဆင်းလိုဏ် ကြောင့်ပင်ဖြစ်သည်။ ကားလမ်း၏ လေးဖက်လေးတန် မြောင်းငယ် အသီးသီးမှ စီးဝင်လာသည့် ရေများကို အလျား ၁ဝ ပေ၊ အနံ ၈ ပေ၊ အနက် ၆ ပေခန့်ရှိ ရေစုကန်က စုစည်းထားပေးပြီး ယင်းရေစုကန်မှ ပိုလျှံသောရေများမှာ ရေဆင်းလှိုဏ်အတိုင်း ကမ်းနားလှိုင်မြစ်ဝအထိ စီးဆင်းသွားသည်။ မြေအောက် ရေဆင်းလိုဏ်၏ အရှည်မှာ ကမ်းနားလှိုင်မြစ်ဝအထိ ပေ ၁၂၀၀ ရှိပြီး လိုဏ်ခေါင်းအား အုတ်များဖြင့် ပိုက်လုံးသဏ္ဌာန် တည်ဆောက်ထားသည်။