ရှင်မိက္ခေလအင်္ဂလိကန်ဘုရားကျောင်း (St.Michael Church)

Listing Description

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်း၊ အမှတ် (၁၃၅) တွင် တည်ရှိသည်။ မြန်မာနိုင်ငံ ခရစ်ယာန်အင်္ဂလီကန် အသင်းတော်တွင် ရှေးအကျဆုံးဘုရားကျောင်းဖြစ်ပါသည်။ ဘုရားကျောင်းကို ဦးတလုပ်ဖြူနှင့် ဇနီးဒေါ်မိုးတို့က မိမိတို့ပိုင်ဆိုင်သော လယ်ယာများများ ရောင်းချပြီး ရရှိသော ငွေများကိုလှူဒါန်း၍ ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ သာသနာပိုင်ကြီး စထရွန်း (The Tt. Rev. Strachaun) ၏ ဇနီးက အုတ်မြစ်ချ ဆောက်လုပ်ခဲ့သည်။ ပရိသတ်ပိုင်းမပြီးစီးမီ ဦးတလုပ်ဖြူကွယ်လွန်သဖြင့် ပရိသတ်အပိုင်းကို သစ်သားဖြင့်ဆောက်လုပ်ခဲ့သော စာသင် ကျောင်းကိုအသုံးပြုခဲ့ရာ ၁၉၇၈ ခုနှစ် ဘုန်းတော်ကြီး ဦးဂျေမောင်မောင်၏လက်ထက်တွင် အုတ်ဖြင့်ပြန်လည်ဆောက်လုပ်ပြီး ၁၉၈၅ ခုနှစ်တွင် သာသနာပိုင်ချုပ် ဂရေဂရီလှကျော် အနုမောဒနာပြုပြီး၍ ယနေ့အထိအသုံးပြုနေပါသည်။ ယခုအခါ ယင်းဘုရားကျောင်း အဆောက်အအုံသည် ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။