ယဉ်ကျေးမှုပြတိုက်(ဘားအံ)

Listing Description

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိလမ်းနှင့် ဇွဲကပင်လမ်းထောင့်တွင် တည်ရှိပါသည်။ ပြတိုက်ကို ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  မြန်မာအစမြန်မာကပြကွက်၊ ကရင်တိုင်းရင်းသားမျိုးနွယ်စုပြကွက်၊ ကရင်အမျိုးသားခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်များ၊ ကရင်ရိုးရာအနုပညာပြခန်း၊ ကရင်စာပေပြခန်း၊ ရိုးရာဓလေ့ပြခန်း၊ ရိုးရာလုပ်ငန်းသုံးပစ္စည်းများပြခန်း၊ လက်မှုအနုပညာပြခန်း၊ လဲယ်ကယ်နှင့် တာလကူးရိုးရာယုံကြည်မှုပြခန်း၊ ဆင်စွယ်ရတနာပြခန်းနှင့် ရှေးဟောင်းအမွေအနှစ်ပြခန်းများ ပြသထားရှိပါသည်။ ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ ဖွင့်လှစ်ပြသထားပါသည်။